back

ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ဖျက်သိမ်းရန် ထိုင်းအစိုးရ စီစဉ်နေ

Apr 25 • 2:31 PM

breaking-news

Thailand

Local News

cover

ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ဖျက်သိမ်းရန် ထိုင်းအစိုးရ စီစဉ်နေ

ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ဧည့်သည်များအတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ခွင့်ပြုထားသည့် နေထိုင်ခွင့် သက်တမ်းများကို လျှော့...

ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ဧည့်သည်များအတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ခွင့်ပြုထားသည့် နေထိုင်ခွင့် သက်တမ်းများကို လျှော့ချရန် စဉ်းစားနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၎င်းမှာ ငွေကြေးသုံးစွဲမှု မြင့်မားသည့် ရေရှည်တည်းခိုမည့် ခရီးသွားများကိုသာ ပိုမိုအာရုံစိုက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ အဆိုပါ မူဝါဒကို စမ်းသပ်ကာလအပြီးတွင် အစိုးရက ပြန်လည်သုံးသပ်နေပြီး ပြောင်းလဲမည့် အစီအစဉ်များကို မကြာမီ အစိုးရအဖွဲ့ထံ တင်ပြရန် ပြင်ဆင်နေကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဆူရာဆက် ဖန်ချာရွန်ဝေါရာကူးလ်က ဆိုသည်။ လက်ရှိတွင် နိုင်ငံနှင့် နယ်မြေပေါင်း ၉၃ ခုမှ ခရီးသွားများကို ဗီဇာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ရက် ၆၀ အထိ နေထိုင်ခွင့် ပြုထားသည်။



news-view-count-icon

14