ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ငါးရံ့ချောင်း ကျေးရွာ၊ ပါရမီလမ်းဘေးရှိ “ကောင်းစံ”အကင်ဆိုင်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါ ဆိုင်ခန်းအတွင်း၌ ခင်ထွေးရီ(၃၆)နှစ်အား နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၇၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။အလားတူ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် အမရပူရမြို့နယ်၊ ၀၀-၂ ရပ်ကွက်၊ ၁၄၂ လမ်းနှင့် ၁၄၃ လမ်းကြား၌ ပုံဝိုင်းလောင်းကစားပြုလုပ်နေကြောင်းသတင်းအရ အမရပူရခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါရပ်ကွက်နေ အောင်မျိုးထွန်း (ခ)ဖိုးသား(၂၃)နှစ်၊ ဆန်းလွင်(၄၃)နှစ်၊ တင်စိုး(၃၉)နှစ်၊ မဝါဝါနိုင်(ခ)ပေါက်စီ(၃၇)နှစ်၊ မယဉ်ယဉ်မြ(ခ) ဖြူချော(၄၃)နှစ်၊ မခင်နှင်းဝေ(၂၆)နှစ်၊ မုတ်ပုလဲကျေးရွာနေ မရွက်နုထွန်း(၂၅)နှစ်နှင့် အင်းကုန်း ကျေးရွာနေ မမိုးမိုးလေး(ခ)နွေဦး(၃၂)နှစ်တို့ ၈ ဦးအား ပုံဝိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်မျိုးထွန်း(ခ) ဖိုးသားပါ ၈ ဦးအား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၄၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အရေးယူထားကြောင်း သိရသည်။



