back

ကလောမြို့နယ်၌ လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ သေဆုံးမှုဖြစ်ပွား

Apr 25 • 1:57 PM

breaking-news

Myanmar

Shan

cover

ကလောမြို့နယ်၌ လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ သေဆုံးမှုဖြစ်ပွား

ဧပြီလ ၂၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ကလောမြို့နယ်၊ အင်းပြင် ကျေးရွာအနီး အောင်ပန်း-ကလောသွားကားလမ်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း...

ဧပြီလ ၂၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ကလောမြို့နယ်၊ အင်းပြင် ကျေးရွာအနီး အောင်ပန်း-ကလောသွားကားလမ်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အောင်ပန်းမြို့ဘက်မှ ကလောမြို့ဘက်သို့ ကလောမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဘုန်းမောင်ခန့်(၂၇)နှစ် မောင်းနှင်လာသည့် YGN-10 4D-xxxx TOYOTA LEXUS ယာဉ်သည် အခင်းဖြစ် နေရာအရောက် လမ်းလျှောက်လာသူ အင်းပြင်ကျေးရွာနေ ဒေါ်ချိုဦး(၅၆)နှစ်အား ဝင်ရောက် တိုက်မိခဲ့သဖြင့် ဒေါ်ချိုဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ဘုန်းမောင်ခန့်အား ကလောမြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။





news-view-count-icon

41