back

The Voice of Finland ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသား စောရှိန်း တတိယဆုရ

Apr 25 • 1:55 PM

breaking-news

Myanmar

Local

cover

The Voice of Finland ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသား စောရှိန်း တတိယဆုရ

The Voice of Finland 2026 ပြိုင်ပွဲကြီးရဲ့ Grand Finalပွဲစဉ် ဧပြီ၂၄ရက်က ကျင်းပခဲ့ပြီး Finalist လေးယောက်ထဲမှာပါဝင်တဲ့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသား စောရှိန်းက...

The Voice of Finland 2026 ပြိုင်ပွဲကြီးရဲ့ Grand Finalပွဲစဉ် ဧပြီ၂၄ရက်က ကျင်းပခဲ့ပြီး Finalist လေးယောက်ထဲမှာပါဝင်တဲ့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသား စောရှိန်းက တတိယဆုရရှိခဲ့ပါတယ်။စောရှိန်းဟာ The Voice of Finland 2026 ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပြီး Grand Final အဆင့်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။စောရှိန်းအနေနဲ့ Winnerဆုနဲ့လွဲချော်ခဲ့ရပေမဲ့ အခုလို Grand Finalအထိ ရောက်ရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာဖြစ်တယ်လို့ အားပေးတဲ့ပရိသတ်တွေက လူမှုကွန်ရက်မှာ မှတ်ချက်ပြုထားကြပါတယ်။စောရှိန်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ဇာတိဖြစ်တယ်လို့ သိရပြီး ခရစ်ယာန်ဓမ္မတေးသီချင်းတွေ သီဆိုတဲ့ တေးသံရှင်တစ်ဦးအဖြစ် လူသိများသူဖြစ်ပါတယ်။





news-view-count-icon

40