back

ထိုင်းနိုင်ငံ၊ ဖယောင်ခရိုင်တွင် အလုပ်လာလုပ်သည့် မြန်မာနိုင်ငံသား ၆၃ ဦး ဖမ်းဆီးခံရ

Apr 25 • 3:40 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ဖယောင်ခရိုင်တွင် အလုပ်လာလုပ်သည့် မြန်မာနိုင်ငံသား ၆၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖယောင်ခရိုင်အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၃ ဦးကို ဧပြီလ ၂၃ ရက် ညနေပိုင်းက ဖယောင်မြို့ရှိ နေအိမ်တစ်လုံးတွင် ဖ...

ထိုင်းနိုင်ငံ၊ ဖယောင်ခရိုင်အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၃ ဦးကို ဧပြီလ ၂၃ ရက် ညနေပိုင်းက ဖယောင်မြို့ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ဦး ပါဝင်ပြီး ၎င်းတို့သည် ဘန်ကောက်နှင့် ဖိစနုလို့ခရိုင်တို့တွင် အလုပ်လုပ်ကိုင်ရန်အတွက် တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၈,၅၀၀ မှ ၁၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ၎င်းတို့အား ဖယောင်ရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး ဥပဒေအရ အရေးယူပြီးပါက နယ်စပ်မှတစ်ဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

13