ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် Kok An ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှု ကြေငြာခဲ့ပြီး ၎င်းသည် လိမ်လည်လှည့်စားသော အော်ပရေတာကွန်ရက်ကို ကာကွယ်ဖို့အတွက် သူ့၏ သြဇာဖြင့် ချိတ်ဆက်မှုများကို အသုံးပြုခဲ့သည်ဟု စွပ်စွဲလိုက်သည်။ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က An နှင့် ၎င်း၏ကွန်ရက်ရှိ လူပုဂ္ဂိုလ် ၂၈ ဦးကို လိမ်လည်လှည့်ဖြားသော အကြံအစည်များဖြင့် ငွေကြေးအမြောက်အမြားပေးဆောင်ရန် ဖြားယောင်း သွေးဆောင်သည်ဟု စွပ်စွဲကာ အရေးယူမည်ဖြစ် ကြောင်း ဧပြီလ ၂၃ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။



