တရုတ်အစိုးရက တရုတ်နိုင်ငံ၊ မြို့ပြတွေမှာ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကလေးငယ်တွေ ကြီးပြင်း လာမှုအတွက် ပိုမိုအဆင်ပြေချောမွေ့စေမယ့် "လူငယ်ဗဟိုပြုမြို့ပြစီမံကိန်း" တစ်ရပ်ကို ဧပြီလ (၂၂) ရက် (ဗုဒ္ဓဟူးနေ့) မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစီမံကိန်းကို တရုတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) အပါအဝင် အစိုးရဌာနပေါင်း (၁၅) ခုက ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ရဲ့လိုအပ်ချက်ကို အဓိကထား ထည့်သွင်းစဉ်းစားရဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ သတင်းထုတ်ပြန်ချက်အရ အဲဒီစီမံကိန်းမှာ လူငယ်တွေအတွက် သင့်လျော်တဲ့ဈေးနှုန်းနဲ့ အိမ်ရာတွေ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိစေအောင် ပံ့ပိုးပေးခြင်း၊ ကလေးငယ်တွေအတွက် အများပြည်သူ နားနေဆောင်တွေမှာ မိခင်နဲ့ ကလေး နားနေခန်းများ တိုးချဲ့တည်ဆောက်ခြင်းနဲ့ ကလေးထိန်း ကျောင်းဝန်ဆောင်မှုတွေကို ကုန်ကျစရိတ် သက်သာစွာနဲ့ ရရှိနိုင်အောင် စီမံခြင်းတို့ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။



