မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၇၇၉ ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများအဆင်ပြေစွာထွန်ယက်စိုက်ပျိုး နိုင်ရေးအတွက် မန်းချောင်းရေလှောင်တမံဆည်မှ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်၍ လက်ဝဲမြောင်းမကြီးမှ ၁,၀၇၁ ဧက နှင့် လက်ယာမြောင်းမကြီးမှ ဧက ၂၀၀ စုစုပေါင်း ၁,၂၇၁ ဧကလျာထားစိုက်ပျိုးမည့် ကျေးရွာ အုပ်စုများရှိ လယ်ယာမြေများသို့ နွေစပါးများစိုက်ပျိုးရန် စိုက်ပျိုးရေများဖြန့်ဝေပေးလျက်ရှိကြောင်း၊ စိုက်ပျိုး ပြီးစီးသည့်စပါးမျိုးများမှာ အောင်နိုင်တိုး ၁၀၁ ဧက၊ မနောသုခ ၁၉၃ ဧက၊ ရတနာတိုး ၆၉ ဧက နှင့် ဆင်းသုခ ၄၁၆ ဧက စုစုပေါင်း ၇၇၉ ဧက လက်ရှိအချိန်ထိ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
Apr 24 • 1:22 AM
Myanmar
Magway
Share
| 29 | 0 | 0 | 0 |


