ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ငွေဆောင်ကမ်းခြေကို အခုနှစ် လေးလအတွင်း ပြည်တွင်း၊ ပြည်ပက ခရီးသွားဧည့်သည် ၂ သိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ် ရေးမှူး ဦးဝင်းမင်းကို က ပြောပါတယ်။ကိုဗစ်ကာလနောက်ပိုင်း ငွေဆောင်ကမ်းခြေကို လာရောက်အပန်းဖြေသူတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမို များ ပြားခဲ့ပြီး ပွင့်လင်းရာသီ နဲ့ ရုံးပိတ်ရက်ရှည်တွေမှာတော့ အများဆုံး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။အခုလို ခရီးသွားဝင်ရောက်မှုတွေ များပြားလာတဲ့အတွက် ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း အတွက် လည်း များစွာအထောက်အကူ ရခဲ့တယ်လို့ အမြန်ရေယာဉ်တွေနဲ့ ကျွန်းခရီးစဉ်တွေကို ပြေးဆွဲပေးနေတဲ့ ဒေသခံ ဦးမြင့်အောင်က ပြောပါတယ်။ 
Apr 24 • 1:19 AM
Myanmar
Ayeyarwady
Share
| 22 | 0 | 0 | 0 |


