တနင်္သာရီတိုင်း၊ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ရေရှားပါးနေပြီး ရေဈေးနှုန်းနှစ်ဆကျော် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ပုံမှန်အားဖြင့် ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ရေရှားပါးပြီး ဈေးတက်လေ့ရှိသော်လည်း လက်ရှိတွင် စက်သုံးဆီဈေးပါတက်နေသဖြင့် အဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံများကဆိုသည်။ရေစုပ်စက်တွင် အသုံးပြုသည့်ဓာတ်ဆီဈေး တက်လာခြင်းကြောင့် ရေဈေးနှုန်းလည်း ယမန်နှစ်ထက် ၂ ဆကျော်တက်လာခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။



