မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန် ရေခမ်းခြောက်မှုသိသိသာသာဖြစ်ပွားခြင်းကြောင့် သောက်သုံးရေရှားပါးသည့်ပြဿနာနှင့် စတင်ကြုံတွေ့လာနေသည်ဟုဒေသခံများက ပြောသည်။နေ့စဉ်မြင့်တက်နေသည့် အပူချိန်နှင့် ရာသီဥတုအခြေအနေကြောင့် ဧပြီလဆန်းရက်မှစပြီး ကျေးရွာအတွင်းရှိ ရေတွင်း၊ရေကန်များ စတင်ခမ်းခြောက်ခဲ့ပြီး လက်ရှိတွင် သောက်သုံးရေများ ရရှိရန်မလွယ်ကူတော့ကြောင်း ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း၊ ကော့ပနော့ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။ရေတွင်းရေကန်များ တူးဖော်၍မရသည့် ပင်လယ်ကမ်းခြေတစ်ဝိုက်ရှိ ကျေးရွာများ၌ နှစ်စဉ် သောက်သုံးရေပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုဧပြီလတွင်လည်း ရေဝယ်ယူသုံးစွဲနေသည်ဟု မုဒုံမြို့နယ်၊ ကတုံးပေါ်ရွာခံတစ်ဦးက ပြောသည်။
| 25 | 0 | 0 | 0 |


