မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း ၂၂.၄.၂၀၂၆ ရက်နေ့၊ ၂၃နာရီ အချိန်၊ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် သမ္မတောကျေးရွာနှင့် ကျောက်မီးကျေးရွာကြားရှိ မန္တလေး-ပြင်ဦးလွင်ကားလမ်း လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲယာရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ခရိုင်မီးသတ်စခန်း၊ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်း၊ ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်း၊ ကန်ကောက်အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာ ဆောင်ရွက်ခဲ့ရာ ယနေ့ ၂၃.၄.၂၀၂၆ ရက်နေ့၊နံနက် ၅နာရီ အချိန်တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါသည်။
မန္တလေး-ပြင်ဦးလွင်ကားလမ်း လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲယာရှိ သစ်ပင်များ မိုးရွာသွန်းကာ လေပြင်းတိုက်ခြင်းကြောင့် လဲကျခဲ့
Apr 23 • 2:41 AM
Myanmar
Mandalay
Share
| 35 | 0 | 0 | 0 |


