တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်းတုန့်လူမျိုးရွာသည် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ စိမ်းလန်းစိုပြည်သော တောတောင်များကြား၌ တည်ရှိသည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး တုန့်လူမျိုးရွာများအနက်တစ်ခုအနေဖြင့် ဤနေရာတွင် ဗုံမျှော်စင်များစွာ တည်ရှိပြီး တံတားများသည်လည်း စမ်းချောင်းများထက်တွင် တည်ငြိမ်စွာ သွယ်တန်းတည်ရှိကာ တုန့်လူမျိုးသီချင်းကြီး တေးသံသာ ငြိမ့်ညောင်းသာယာလှသလို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း မျိုးဆက်မပြတ် လက်ဆင့်ကမ်းထားပေသည်။၂၀၂၅ ခုနှစ်တွင် ကျောက်ရှင်း တုန့်လူမျိုးရွာသည် ခရီးသွားဧည့်သည် အကြိမ်ရေ ၁.၅၁ သန်းအား လက်ခံခဲ့ပြီး ခရီးသွားလုပ်ငန်း အထွေထွေဝင်ငွေသည် ယွမ် ၁.၅ ဘီလီယံကျော်ခဲ့သလို ကျေးရွာ၏ အစုအဖွဲ့လိုက် စီးပွားရေးဝင်ငွေအနေဖြင့်မူ ယွမ် ၃ သန်းကျော်ရှိခဲ့သည်။ ယနေ့တွင် ပိုမိုများပြားသော နယ်ခြားသွားရောက် လုပ်ကိုင်သည့် ရွာသူ၊ ရွာသားများက ဇာတိရွာသို့ပြန်လာပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြပြီဖြစ်သည်။ 
Apr 23 • 1:51 AM
China
Local News
Share
| 8 | 0 | 0 | 0 |


