ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နဲ့ရန်ကုန်မြို့ ကို ဧပြီလ(၂၄)ရက်ကစတင်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ တိုးချဲ့ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနကသိ ရပါတယ်။ဒီလိုပြေးဆွဲရာမှာ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နဲ့ ကျောက်ဖြူမြို့တွေကို ရက်သတ္တပတ်လျှင် သုံးရက်စီပြေးဆွဲမှာဖြစ်တယ်လို့ဆိုပါတယ်။ခရီးစဉ်တွေအဖြစ် တနင်္လာနေ့မှာ ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်၊ ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်-ကျောက်ဖြူ-မာန်အောင်-ရန်ကုန်၊ သောကြာနေ့မှာ ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်ခရီးစဉ်တွေကို ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။



