back

ထိုင်းနိုင်ငံ၊မဲခေါင်မြစ်အတွင်း အဖုအကျိတ်များပါသော ငါးများဖမ်းမိသဖြင့် သတ္တုအဆိပ်သင့်မှုကို ချင်းခန်းဒေသခံများ စိုးရိမ်

Apr 23 • 1:47 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊မဲခေါင်မြစ်အတွင်း အဖုအကျိတ်များပါသော ငါးများဖမ်းမိသဖြင့် သတ္တုအဆိပ်သင့်မှုကို ချင်းခန်းဒေသခံများ စိုးရိမ်

ထိုင်းနိုင်ငံ၊ လွေ့ခရိုင်၊ ချင်းခန်း (Chiang Khan) မြို့နယ်ရှိ မဲခေါင်မြစ်အတွင်း တစ်ကိုယ်လုံး အဖုအကျိတ်များ ထွက်နေသည့် ပုံမှန်မဟုတ်သော ငါးများကို ဖမ်းဆီးရမိပြီး...

ထိုင်းနိုင်ငံ၊ လွေ့ခရိုင်၊ ချင်းခန်း (Chiang Khan) မြို့နယ်ရှိ မဲခေါင်မြစ်အတွင်း တစ်ကိုယ်လုံး အဖုအကျိတ်များ ထွက်နေသည့် ပုံမှန်မဟုတ်သော ငါးများကို ဖမ်းဆီးရမိပြီးနောက် မြစ်ရေအတွင်း သတ္တုအဆိပ်သင့် ညစ်ညမ်းမှုများ ရှိနေနိုင်သဖြင့် ဒေသခံ တံငါသည်များက စိုးရိမ်လျက်ရှိသည်။ယမန်နေ့ ဧပြီလ ၂၂ရက်က ဒွန်ခိုင်ဒေသအနီးတွင် ဖမ်းဆီးရမိခဲ့သည့် အလေးချိန် ဂရမ် (၁၀၀)၊ အရှည် (၂၃) စင်တီမီတာရှိ ခဲ(khae)အမျိုးအစား ငါးတစ်ကောင်တွင် ခန္ဓာကိုယ်အနှံ့ အဖုအကျိတ်များ ထွက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းကဲ့သို့ ပုံမှန်မဟုတ်သည့် အနေအထားကြောင့် သတ္တု အဆိပ်သင့်မှု အန္တရာယ်ကို စိုးရိမ်သဖြင့် တံငါသည်များက အဆိုပါငါးကို ရောင်းချခြင်း သို့မဟုတ် စားသုံးခြင်းမပြုရန် ရှောင်ကြဉ်ခဲ့ကြသည်။ချင်းခန်းဒေသခံများ၏ အဆိုအရ ပြီးခဲ့သည့်လအတွင်း၌ပင် ယခုကဲ့သို့ အဖုအကျိတ်များပါသော ငါးသုံးကောင်အထိ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ လက်ရှိတွင် အဖုအကျိတ်များ ထွက်နေသော အဆိုပါငါးကို ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ရန် ပေးပို့သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ကာ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ပေးရန် ဒေသခံများက တောင်းဆိုထားသည်ဟု သိရသည်။

news-view-count-icon

38