back

မွန်ပြည်နယ်၌ ယခုဒူးရင်းပေါ်စရာသီတွင် ဈေးကောင်းရသော်လည်း အကျိုးအမြတ်နည်းပါးနေ

Apr 23 • 1:46 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၌ ယခုဒူးရင်းပေါ်စရာသီတွင် ဈေးကောင်းရသော်လည်း အကျိုးအမြတ်နည်းပါးနေ

မွန်ပြည်နယ်၌ ယခုဒူးရင်းပေါ်စရာသီတွင် ဈေးကောင်းရသော်လည်း အသီးနည်းပါးခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်နေသဖြင့် အကျိုးအမြတ်ရရှိမှုနည်းပါးကြောင်း ရေးမြို့မှ...

မွန်ပြည်နယ်၌ ယခုဒူးရင်းပေါ်စရာသီတွင် ဈေးကောင်းရသော်လည်း အသီးနည်းပါးခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်နေသဖြင့် အကျိုးအမြတ်ရရှိမှုနည်းပါးကြောင်း ရေးမြို့မှ အသီးအနှံအဝယ်ဒိုင်များက ပြောသည်။ပထမအကြိမ် ဒူးရင်းသီးစတင်မှည့်သည့် ဧပြီလနှင့် မေလတွင် ဈေးကွက်၌ ဒေသထွက် အပင်ကြွေအရိုင်းဒူးရင်းသီးများ အရွယ်အစားအလိုက် ၄၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ကိုင်းဆက်သီး တစ်ကီလို ၂၄,၀၀၀ ကျပ် ဈေးရှိနေကြောင်း သိရသည်။သို့သော် ရေးမှ မော်လမြိုင်မြို့သို့ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေသဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးသွားကြောင်းလည်း ရေးမှဒူးရင်းအဝယ်ဒိုင် အမျိုးသမီးတစ်ဦးက ပြောသည်။လက်ရှိ ဒူးရင်းပေါ်စရာသီတွင် မွန်ဈေးကွက်အတွင်း ရောက်ရှိလာသည့် မွန်ဒူးရင်းသီးနှင့် ကရင်ဒူရင်းသီးများ လူကြိုက်အများဆုံးနှင့် ရောင်းအားအကောင်းဆုံး ဖြစ်နေပြီး ဈေးကွက်လိုအပ်ချက်များလည်း ရှိနေသည်။

news-view-count-icon

54