တောင်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များသည် နိုင်ငံတကာမှ ကျောင်းသားများကို ပိုမိုလက်ခံရရှိနေသော်လည်း၊ တစ်ဖက်တွင် နိုင်ငံခြားသား အချိန်ပြည့် ဆရာ၊ ဆရာမ ဦးရေမှာ သိသိသာသာ လျော့နည်းလာခြင်းကြောင့် နိုင်ငံ၏ ပညာရေးကဏ္ဍ ကမ္ဘာ့အဆင့်မီစေရန် ကြိုးပမ်းမှု (Globalization) တွင် ဖွဲ့စည်းပုံဆိုင်ရာ အကန့်အသတ်များနှင့် ရင်ဆိုင်နေရကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ထုတ် ကိုရီးယားတိုင်းမ် (The Korea Times) သတင်းအရ သိရသည်။ ကိုရီးယားပညာရေးဖွံ့ဖြိုးမှုဌာန (KEDI) ၏ အချက်အလက်များအရ နိုင်ငံခြားသား အချိန်ပြည့်ဆရာဦးရေမှာ ၂၀၁၃ ခုနှစ်တွင် ၅,၃၅၈ ဦးအထိ အမြင့်ဆုံးရှိခဲ့သော်လည်း၊ ၂၀၁၇ ခုနှစ်တွင် ၅,၀၀၀ အောက်သို့ စတင်ကျဆင်းခဲ့ကာ ၂၀၂၅ ခုနှစ်တွင် ၄,၀၁၃ ဦးအထိသာ ကျန်ရှိတော့ကြောင်း သိရသည်။ ပညာရှင်များက တောင်ကိုရီးယားအနေဖြင့် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတကာကျောင်းသား ၃၀၀,၀၀၀ အထိ လက်ခံရန် ရည်မှန်းထားသော်လည်း၊ သင်ကြားရေးအပိုင်းတွင် နိုင်ငံခြားသား ပညာရှင်များ လျော့နည်းနေခြင်းက အဆိုပါရည်မှန်းချက်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ထောက်ပြထားကြသည်။ အစိုးရအနေဖြင့် နိုင်ငံခြားသားများအတွက် ဗီဇာစနစ်များကို ဖြေလျှော့ပေးရန်နှင့် တက္ကသိုလ်များ၏ ဘဏ္ဍာရေးအခြေအနေကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယား၏ အဆင့်မြင့်ပညာရေး ကမ္ဘာ့အဆင့်မြှင့်တင်မှု အရှိန်အဟုန်နှေးကွေးနေ၊ နိုင်ငံခြားသား ပါမောက္ခဦးရေ လျော့နည်းလာခြင်းက အဓိက အဟန့်အတားဖြစ်နေ
Apr 22 • 7:00 AM
South Korea
Local News
Share
| 10 | 0 | 0 | 0 |


