back

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ မီးလင်းရေး ဆိုလာလမ်းမီးတိုင် ၅၀၀ စီမံကိန်း စတင်လုပ်ဆောင်နေ

Apr 22 • 5:49 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ မီးလင်းရေး ဆိုလာလမ်းမီးတိုင် ၅၀၀ စီမံကိန်း စတင်လုပ်ဆောင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၏ ညပိုင်းလုံခြုံရေးနှင့် သွားလာရေး အဆင်ပြေစေရန်အတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဆိုလာစနစ်သုံး လမ်းမီးတိုင် (၅၀၀) တပ်...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၏ ညပိုင်းလုံခြုံရေးနှင့် သွားလာရေး အဆင်ပြေစေရန်အတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဆိုလာစနစ်သုံး လမ်းမီးတိုင် (၅၀၀) တပ်ဆင်ခြင်းစီမံကိန်းကို အထူးဒေသ (၁) ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီမှ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ယခင်က မြို့ပေါ်လမ်းမကြီးအချို့တွင်သာ မီးရရှိခဲ့သဖြင့် ရပ်ကွက်အများစုမှာ မှောင်နေခဲ့ရာမှ ယခုအခါ မြို့ကိုဖြတ်သန်းသွားသော လမ်းမကြီးဝဲယာတစ်လျှောက်တွင် ဦးစားပေးတပ်ဆင်နေခြင်းဖြစ်ပြီး လိုအပ်သော ပစ္စည်းများလည်း မြို့တွင်းသို့ အားလုံးရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

20