ပြည်တွင်းပဲမျိုးစုံဈေးကွက်အတွင်း တရုတ်ဝယ်လက်များ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် မြေထောက်ပဲဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ယခုနှစ် မြေထောက်ပဲဈေးနှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်တက်လာပြီး ကုန်သည်များနှင့် စိုက်ပျိုးသူများအတွက် အကျိုးအမြတ်ရရှိနိုင်မည့် အလားအလာကောင်းများ ဖြစ်ပေါ်နေသည်။ လတ်တရက်တွင် ဝယ်လက်အချို့သာ ဝင်ရောက်နေသေးပြီး နောက်ပိုင်းတွင် ဝယ်ယူမှု ပိုမိုများပြားလာပါက ဈေးနှုန်းထပ်မံပြောင်းလဲလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားကြပါသည်။
Apr 22 • 5:48 AM
China
Local News
Share
| 12 | 0 | 0 | 0 |


