back

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ အိမ်ထောင်စုစာရင်းနှင့် UID ထုတ်ပေးခြင်း ရက် (၁၀၀) စီမံချက် ကွင်းဆင်းဆောင်ရွက်

Apr 22 • 5:34 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ အိမ်ထောင်စုစာရင်းနှင့် UID ထုတ်ပေးခြင်း ရက် (၁၀၀) စီမံချက် ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ဇီးဖြူကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက် (၁၀၀)...

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ဇီးဖြူကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက် (၁၀၀) စီမံချက်ကို ဧပြီလ ၂၀ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံချက်သည် အစိုးရသစ်၏ ပထမရက် (၁၀၀) ကာလအတွင်း အသက် ၁၀ နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများကို ဦးစားပေးဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

29