back

မန္တလေးစက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်ဖြစ်ထွန်းလာပြီး မြို့နယ် (၃) ခု၌ လုပ်ငန်းသုံးမြေနေရာ ငှားရမ်းလိုမှု မြင့်တက်

Apr 22 • 5:32 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးစက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်ဖြစ်ထွန်းလာပြီး မြို့နယ် (၃) ခု၌ လုပ်ငန်းသုံးမြေနေရာ ငှားရမ်းလိုမှု မြင့်တက်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် နီးစပ်သည့် မြေကွက်ကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် အရောင်းအဝယ်များ ပြန...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် နီးစပ်သည့် မြေကွက်ကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် အရောင်းအဝယ်များ ပြန်လည်သွက်လက်လာပြီး အထူးသဖြင့် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ ငှားရမ်းလိုမှု အများဆုံးဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိတွင် ကုမ္ပဏီနှင့် အရောင်းဆိုင်ကြီးများ ဖွင့်လှစ်ရန် အချက်အချာကျသော မြေနေရာများ လိုအပ်ချက် မြင့်မားနေသဖြင့် အငှားဈေးနှုန်းများ တက်လာသည့်အပြင် နေရာနှင့် အကျယ်အဝန်းအပေါ် မူတည်ကာ သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ရင်းနှီးမြှုပ်နှံမှုများဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

news-view-count-icon

21