ထိုင်းနိုင်ငံ၊ Nakhon Si Thammarat ပြည်နယ်တွင် အသက် ၅၉ နှစ်အရွယ် ဦးဝင်းနစ် (Vinit Nuphat) ၏ နာရေးအခမ်းအနားကို ၎င်း၏ နောက်ဆုံးဆန္ဒအတိုင်း ဆက်စီအကမယ် ၃ ဦး ငှားရမ်းကာ တေးဂီတများဖြင့် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြောင်း သိရသည်။ မိသားစုဝင်များ၏ ပြောကြားချက်အရ ကွယ်လွန်သူသည် ၎င်း၏နောက်ဆုံးခရီးတွင် ဝမ်းနည်းမျက်ရည်ကျခြင်းများ မရှိဘဲ လူတိုင်းကို ပျော်ရွှင်စွာ နှုတ်ဆက်စေလိုခဲ့သဖြင့် ဧပြီလ ၂၀ ရက်ညတွင် အဆိုပါဖျော်ဖြေမှုကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ဤထူးခြားသည့် နာရေးဗီဒီယိုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ကာ စိတ်ဝင်စားမှုများ ရရှိခဲ့ပြီး၊ ဦးဝင်းနစ်၏ ရုပ်အလောင်းကို ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းတွင် Wat Thepphanom Cheuat ဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


