back

မန္တလေးမြို့၌ ရာသီဥတုပူပြင်းမှုကြောင့် ချောင်းငယ်၊ မြောင်းငယ်များသို့သွားရောက်အပူရှောင်သူများပြားလာ

Apr 22 • 4:06 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့၌ ရာသီဥတုပူပြင်းမှုကြောင့် ချောင်းငယ်၊ မြောင်းငယ်များသို့သွားရောက်အပူရှောင်သူများပြားလာ

မန္တလေးမြို့အနီးဝန်းကျင်ရှိ သစ်ရိပ်ဝါးရိပ်ပေါများသော ချောင်းငယ်၊ မြောင်းငယ် များသို့ ရာသီဥတုပူပြင်းလာမှုကြောင့် သွားရောက်အပူရှောင်သူ ပိုမိုများပြားလာကြောင်း ဒေ...

မန္တလေးမြို့အနီးဝန်းကျင်ရှိ သစ်ရိပ်ဝါးရိပ်ပေါများသော ချောင်းငယ်၊ မြောင်းငယ် များသို့ ရာသီဥတုပူပြင်းလာမှုကြောင့် သွားရောက်အပူရှောင်သူ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

သင်္ကြန်ကာလနောက်ပိုင်း မန္တလေးမြို့တွင် နေ့အပူချိန်များသိသိသာသာမြင့်တက်လာမှုကြောင့် ဒေသခံများမှာ သစ်ရိပ်၊ ဝါးရိပ်ရှိသော နေရာများတွင် အပူရှောင်နေရခြင်းဖြစ်သည်။"မနက် ၉ နာရီလောက်ဆိုရင် နေလို့ထိုင်လို့မကောင်းတော့ဘူး။ အရမ်းပူတယ်ဆိုတော့ သစ်ပင်အရိပ်တွေ ကောင်းတဲ့ ရေပိုလွှဲမြောင်းတွေတို့ ချောင်းတွေတို့ဖက်သွားရတော့တာပဲ။ နေရာတိုင်းလည်းလူတွေပြည့်နေတာ"ဟု ချမ်းအေးသာစံ မြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။လက်ရှိအချိန်တွင် မန္တလေးမြို့၏နေ့အပူချိန်မှာ ၄၂ စင်တီဂရိတ် အထိရှိနေပြီး ဒေသ၏ အပူချိန်အမြင့်ဆုံးဖြစ်သော မေလတွင် နေ့အပူချိန်ဆက်လက်မြင့်တက်လာဖွယ်ရှိနေသည့်အပေါ် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

21