ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆန်နဲ့ စားသောက်ကုန်တွေ တစ်ပတ်နဲ့ တစ်ပတ် ဈေးနှုန်း တရိပ်ရိပ်တက်လာတယ်လို့ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ဈေးဝယ်သူတွေထံကနေ သိရပါတယ်။ဆန်ဈေးနှုန်းက တစ်ပတ်ကို တစ်အိတ် ၅,၀၀၀ နှုန်း ဈေးမြင့်တက်လာနေပြီး ငရုတ်သီးစိမ်းကလွဲလို့ ဟင်းသီးဟင်းရွက်နဲ့ စားသောက်ကုန်တွေလည်း ကျပ်ထောင်ဂဏန်းဝန်းကျင် ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။ဓာတ်ဆီကတော့ တစ်လီတာ ၁၃,၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကထက်စာရင် ၁,၀၀၀ ကျပ် ဈေးကျသွားပါတယ်။



