back

ရှမ်းပြည်နယ်၊တောင်ကြီးတွင် သင်္ကြန်အပြီး လိုင်စင်မဲ့ယာဉ်များကို အဖွဲ့စုံဖြင့် ဆက်တိုက်ဖမ်းဆီးနေ

Apr 21 • 2:24 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တောင်ကြီးတွင် သင်္ကြန်အပြီး လိုင်စင်မဲ့ယာဉ်များကို အဖွဲ့စုံဖြင့် ဆက်တိုက်ဖမ်းဆီးနေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ ယမန်နေ့ (ဧပြီလ ၂၀ ရက်) ၊ အလယ် BOC ရှေ့ မိန်းလမ်းမကြီးပေါ်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက လိုင်စင်မဲ့ကားမျ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ ယမန်နေ့ (ဧပြီလ ၂၀ ရက်) ၊ အလယ် BOC ရှေ့ မိန်းလမ်းမကြီးပေါ်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက လိုင်စင်မဲ့ကားများကို အဓိကဦးတည်၍ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည်။"သင်္ကြန်ပြီးပြီဆိုတော့ ပြန်ဖမ်းတာပဲ။ တော်တော်လေးကို အဖမ်းအဆီးကြမ်းနေတယ်။ လိုင်စင်မဲ့ကားတွေ တော်တော်များများ မိသွားတာတွေ့ရတယ်" ဟု မြို့ခံတစ်ဦးက ပြောကြားသည်။တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုများကို သင်္ကြန်အပြီး နှစ်ဆန်း ၂ ရက်နေ့ကတည်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး မြို့ပတ်လမ်းများတွင်လည်း ဆိုင်ကယ်နံပါတ်ပြား မပါရှိသူများကိုပါ ဖမ်းဆီးနေကြောင်း သိရသည်။လက်ရှိတွင် ယာဉ်မောင်းများသည် ယာဉ်လိုင်စင်နှင့် နံပါတ်ပြားမရှိခြင်းတို့ကြောင့် ဖမ်းဆီးခံနေရပြီး ယာဉ်ထိန်းရဲရုံးတွင် ဒဏ်ငွေပေးဆောင်ရန် ညွှန်ကြားခံရခြင်းများ ရှိနေသည်။ယာဉ်စည်းကမ်း မလိုက်နာသူများအနေဖြင့် ဆိုင်ကယ်လိုင်စင်များကို အပ်နှံထားခဲ့ရပြီး ရုံးတွင် ဒဏ်ငွေဆောင်ပြီးမှ ပြန်လည်ထုတ်ယူကြရကြောင်း သိရသည်။

news-view-count-icon

25