back

မကွေးတိုင်း၊ပခုက္ကူကြက်သွန်စျေးကွက် သင်္ကြန်ပြီးကာလတွင် စျေးအနည်းငယ်တက်လာပြီး ဝယ်ယူမှုများပြားလာ

Apr 21 • 2:23 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ပခုက္ကူကြက်သွန်စျေးကွက် သင်္ကြန်ပြီးကာလတွင် စျေးအနည်းငယ်တက်လာပြီး ဝယ်ယူမှုများပြားလာ

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း သင်္ကြန်ပြီးကာလ ယခုတတိယပတ်၏ နောက်ဆုံးရက်များတွင် စျေးအနည်းငယ်တက်လာပြီး ဝယ်ယူမှုများပြားလာကြောင်း သိရသည်။သင်္ကြန်ကာလမတိုင်မီ ပခုက္က...

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း သင်္ကြန်ပြီးကာလ ယခုတတိယပတ်၏ နောက်ဆုံးရက်များတွင် စျေးအနည်းငယ်တက်လာပြီး ဝယ်ယူမှုများပြားလာကြောင်း သိရသည်။သင်္ကြန်ကာလမတိုင်မီ ပခုက္ကူကြက်သွန်စျေးကွက်မှာ တစ်ပိဿ ၁,၅၀၀ ကျပ်အောက်ဖြင့်သာ ရောင်းဝယ်ခဲ့ပြီး လကါရှိတွင် တစ်ပိဿ ၁,၇၀၀ ကျပ်ထိ ရောက်ရှိလာကြောင်း သိရသည်။“ စျေးပြန်တက်တယ်။ လှောင်စတွေ အဝယ်လိုက်သလို တစ်ခြားအလတ်စ အသေးစတွေလည်း ဝယ်ကြတယ်။ စျေးတက်ပေးလာတော့ နောက်ရက်ဝယ်သူရောင်းသူ များလာမှာပါ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦး ကပြောသည်။ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ပိဿချိန် ၆ သောင်းခန့်ဝင်ရောက်သည့် ဧပြီလ ၂၀ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿ ၆၀၀ - ၉၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿ ၁,၀၀၀-၁,၃၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၁,၄၀၀ -၁,၇၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

news-view-count-icon

19