back

အမျိုးသမီးနှင့်ကလေးဆေးရုံဝင်း အတွင်းတွင်အလုပ်သင်ဆရာဝန်တစ်ဦးဆိုင်ကယ်အခိုးခံရ

Apr 20 • 12:44 PM

breaking-news

Myanmar

Shan

cover

အမျိုးသမီးနှင့်ကလေးဆေးရုံဝင်း အတွင်းတွင်အလုပ်သင်ဆရာဝန်တစ်ဦးဆိုင်ကယ်အခိုးခံရ

တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံဝန်း အတွင်း၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ဧပြီလ ၂၀ ရက်၊ မနက်ပိုင်းတွင် ခိုးယူခံရကြောင်းသိရသည်။အလုပ်သင်ဆရာ၀န်တစ်ဦ...

တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံဝန်း အတွင်း၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ဧပြီလ ၂၀ ရက်၊ မနက်ပိုင်းတွင် ခိုးယူခံရကြောင်းသိရသည်။အလုပ်သင်ဆရာ၀န်တစ်ဦး၏ ဆိုင်ကယ် Honda Dream 125 အနက်ရောင် အမျိုးအစားကို ဆေးရုံဝန်း အတွင်း၌ ရပ်ထားစဉ် နံနက် ၃ နာရီကျော်ခန့်က ခိုးယူခံရခြင်း ဖြစ်ကြောင်း CCTV မှတ်တမ်း အရ သိရသည်။ဧပြီလ ၁၇ ရက် ၊ နှစ်ဆန်း(၁) ရက် ၊ မနက်ပိုင်း၁၁ နာရီခွဲ အချိန် တွင်လည်း ဘုရားကြီး အနောက်ကျောင်းတွင် ရပ်ထားသော မော်တော်ဆိုင်ကယ် Honda Wave 100 ကျောက်စိမ်းရောင် 67 W / 82533 ခိုးယူခံလိုက်ရကြောင်း သိရသည်။ ထို့ပြင် ဧပြီလ ၉ ရက် တွင်လည်း အဝေရာ မီးပုံးပျံကွင်းတွင် Honda Wave Alpha 110 မော်ဒယ် 2025 အမျိုးအစား အဖြူရောင် ဆိုင်ကယ်တစ်စီးလည်း ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ 





news-view-count-icon

25