ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက် နေ့လည် ၁၁ နာရီခန့် က မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ အောင်မြေရွှေဘုံ ဘုန်းတော်ကြီးကျောင်းနောက်၊ အနန္တသုခလမ်းတွင် နေထိုင်သော ဦးနေထက်လင်း၏ နေအိမ်ခြံဝင်းအတွင်း ၎င်း၏ သားဖြစ်သူ ၃ နှစ်အရွယ် မောင်ဘုန်းလင်းဇော်မှာ ဆော့ကစားနေစဉ် သရက်ပင်အား မှီ၍ ထောင်ထားသော ကားဘော်ဒီဟောင်းအား တိုက်မိခဲ့ပြီး ကားဘော်ဒီမှာ ကလေးငယ်ပေါ်သို့ လဲကျပိမိသွားခဲ့သည်။ ကားဘောဒီအဟောင်းပိမိမှုကြောင့် မောင်ဘုန်းလင်းဇော်မှာ ဒဏ်ရာများရရှိခဲ့ပြီး ရရှိသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။



