back

မန္တလေးတွင် နေ့အပူချိန်မြင့်တက်မှုနှင့်အတူ အပူဒဏ်ကြောင့် မူးလဲသတိလစ်သည့်ဖြစ်စဉ်တချို့ရှိလာ

Apr 20 • 7:55 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတွင် နေ့အပူချိန်မြင့်တက်မှုနှင့်အတူ အပူဒဏ်ကြောင့် မူးလဲသတိလစ်သည့်ဖြစ်စဉ်တချို့ရှိလာ

ယခုရက်ပိုင်း မန္တလေးမြို့တွင် နေ့အပူချိန် သိသာစွာမြင့်တက်လာမှုနှင့်အတူ အပူဒဏ်ကြောင့် မူးလဲသတိလစ်သည့်ဖြစ်စဉ်တချို့ စတင်ဖြစ်ပွားလာကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအသင...

ယခုရက်ပိုင်း မန္တလေးမြို့တွင် နေ့အပူချိန် သိသာစွာမြင့်တက်လာမှုနှင့်အတူ အပူဒဏ်ကြောင့် မူးလဲသတိလစ်သည့်ဖြစ်စဉ်တချို့ စတင်ဖြစ်ပွားလာကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအသင်းများမှ သိရသည်။မနေ့က(ဧပြီ၁၉ရက်) နေပူရှိန်ပြင်းနေချိန် မန္တလေးတောင်အနီး ရှင်လောင်းအလှူလှည့်ရာတွင် လိုက်ပါလာသူ အမျိုးသမီးတဦးမှာ အပူဒဏ်ကြောင့် မူးလဲကာ သတိလစ်သွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင်က လူမှုကွန်ရက်၌ ရေးသားထားကာ ယခုလိုအချိန်ကာလ၌ အပြင်ထွက်သွားလာခြင်းများကို သတိပြုဆင်ခြင်ကြရန် တိုက်တွန်းထားသည်။ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ကလည်း ‌နေပူပြင်းနေချိန် နန်းရှေ့၊ ၁၉လမ်း ဘောလုံးကွင်းရှေ့၌ အမျိုးသားတဦးမှာ ကားအတွင်း ရုတ်တရက် သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။အပူဒဏ်ကြောင့် မူးလဲခြင်းနှင့် သတိလစ်ခြင်းများကို အများဆုံးတွေ့ကြုံခံစားရသူများမှာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ၊ အထူးသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ အခံရှိသူများဖြစ်ကြသည်။

news-view-count-icon

31