ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သော ဟိုချီမင်းစီးတီးသို့ ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ် (Q1) အတွင်း နိုင်ငံရပ်ခြားမှ ပေးပို့သည့် ငွေလွှဲဝင်ရောက်မှု (Remittances) သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းနီးပါး သိသိသာသာ ကျဆင်းသွားကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ သတင်းများအရ သိရသည်။ဗီယက်နမ်နိုင်ငံတော်ဗဟိုဘဏ် (SBV) ၏ အချက်အလက်များအရ ယခုကဲ့သို့ ကျဆင်းရခြင်းမှာ ကမ္ဘာ့စီးပွားရေးအခြေအနေများ မရေရာမှု၊ အဓိကစီးပွားရေးနိုင်ငံကြီးများတွင် ငွေကြေးတင်းကျပ်သည့် မူဝါဒများ ကျင့်သုံးနေခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများကြောင့် စွမ်းအင်စျေးနှုန်း မြင့်တက်လာခြင်းတို့က ပြည်ပရောက် ဗီယက်နမ်လုပ်သားများ၏ ဝင်ငွေနှင့် ငွေလွှဲနိုင်စွမ်းကို ထိခိုက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဟိုချီမင်းစီးတီးသည် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ငွေလွှဲဝင်ရောက်မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို လက်ခံရရှိနေသည့် မြို့ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းက ဒေါ်လာ ၁၀.၃၄ ဘီလီယံအထိ စံချိန်တင် ရရှိခဲ့သော်လည်း ယခုနှစ်အစတွင်မူ စီးပွားရေးစိန်ခေါ်မှုများကြောင့် ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ထို့အတူ အိမ်နီးချင်း ဒေါင်နိုင်း (Dong Nai) ပြည်နယ်တွင်လည်း ပထမသုံးလပတ်အတွင်း ငွေလွှဲဝင်ရောက်မှုမှာ ၁၅.၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းစီးတီးသို့၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်တွင် နိုင်ငံရပ်ခြားမှ ငွေလွှဲဝင်ရောက်မှု ၁၇ ရာခိုင်နှုန်းခန့် ကျဆင်း
Apr 20 • 4:05 AM
Vietnam
Local News
Share
| 12 | 0 | 0 | 0 |


