back

မကွေးတိုင်း၊ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့

Apr 20 • 4:04 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ယခုနှစ် ၂၀၂၆ ခုနှစ် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်းစိုက် ပျိုးချိန်၌ လျာထားစိုက်ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့က...

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ယခုနှစ် ၂၀၂၆ ခုနှစ် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်းစိုက် ပျိုးချိန်၌ လျာထားစိုက်ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။"မန်းချောင်း"ရေလှောင်တမံဆည်၊ "ရင်းရှည်"ရေလှောင်တမံဆည်နှင့် "ဆည်ငယ်"ကန်ငယ်တို့မှပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန်လျာထားသည့် (၁,၁၉၃)ဧကထက် ပိုမိုကျော်လွန်၍ ယနေ့အထိ (၁,၄၄၇)ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် (၂၅၄)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။စမုန်နက်(၄၀၇)ဧက၊ ဆင်းရတနာ-၁၂ (၃၀၀)ဧက၊ ဆင်းရတနာ-၃ (၅၀)ဧကနှင့် သိပ္ပံနှမ်းနက်(၆၉၀)ဧက စုစုပေါင်း(၁,၄၄၇)ဧက စိုက်ပျိုးပြီးစီးခဲ့ကာ နှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

18