back

ကမ္ဘာ့ဖလားပွဲကြည့်ရန် ဘောလုံးကွင်းသို့သွားရမည့် ရထားလက်မှတ်ဈေးကြီးသဖြင့် ဖီဖာ ဝေဖန်

Apr 20 • 2:49 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ဖလားပွဲကြည့်ရန် ဘောလုံးကွင်းသို့သွားရမည့် ရထားလက်မှတ်ဈေးကြီးသဖြင့် ဖီဖာ ဝေဖန်

၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေကျင်းပမဲ့ နယူးဂျာစီပြည်နယ်မှာ နယူးယောက်ကနေ MetLife Stadium ဘောလုံးကွင်းကိုသွားရမဲ့ နာရီဝက်ခရီးအတွက် ရထားလက်မှတ်ခက ဒေါ်လာ ၁၅၀ အထိ သတ်မှတ်...

၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေကျင်းပမဲ့ နယူးဂျာစီပြည်နယ်မှာ နယူးယောက်ကနေ MetLife Stadium ဘောလုံးကွင်းကိုသွားရမဲ့ နာရီဝက်ခရီးအတွက် ရထားလက်မှတ်ခက ဒေါ်လာ ၁၅၀ အထိ သတ်မှတ်ထားတဲ့အပေါ် ဖီဖာက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ဒီလို ဈေးနှုန်းကြီးမြင့်မှုဟာ ပရိသတ်တွေကို အခက်တွေ့စေရုံတင်မကဘဲ လမ်းပိတ်ဆို့မှုတွေကိုပါ ဖြစ်ပေါ်စေနိုင်တယ်လို့ ဖီဖာအရာရှိ Heimo Schirgi က ပြောပါတယ်။နယူးဂျာစီ အုပ်ချုပ်ရေးမှူး မစ်ကီရှရေးကတော့ ဖီဖာအနေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကို စိုက်ထုတ်ပေးသင့်တယ်လို့ တောင်းဆိုထားပေမဲ့ ဖီဖာဘက်ကတော့ ဒါဟာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုလို့ ငြင်းဆိုထားပါတယ်။အဆိုပါကွင်းမှာ အင်္ဂလန်အသင်းရဲ့ အုပ်စုပွဲစဉ်အပါအဝင် ဗိုလ်လုပွဲကိုပါ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။လက်ရှိမှာ ကလေးနဲ့ လူကြီးတွေအတွက်ပါ သက်သာခွင့်မရှိဘဲ ဈေးနှုန်းအပြည့် ပေးဆောင်နေရတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

news-view-count-icon

29