back

ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးကြောင်း ကာရစ် ပြောကြား

Apr 19 • 5:21 AM

breaking-news

Myanmar

International

cover

ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးကြောင်း ကာရစ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ဘာစီလိုနာမှာ အငှားသွားကစားနေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအသင်းအနေနဲ့ မဆုံးဖြတ်ရသေးကြောင်း ပြောကြား...

မန်ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ဘာစီလိုနာမှာ အငှားသွားကစားနေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအသင်းအနေနဲ့ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။ရပ်ရှ်ဖို့ဒ်(၂၈ နှစ်)ဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီအငှားသွားကစားနေတာဖြစ်တယ်။ရပ်ရှ်ဖို့ဒ်ရဲ့အငှားစာချုပ်မှာ ဘာစီလိုနာအနေနဲ့ ယူရို သန်း ၃၀ ပေးကာ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက် ပါဝင်ပါတယ်။ဘာစီလိုနာအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့ ဇွန်လ ၁၅ ရက်အထိ စဉ်းစားချိန်ရှိထားပါတယ်။

news-view-count-icon

25