back

ကချင်ပြည်နယ်၌ လျှပ်စစ်မီးပြတ်တောက်သည့်ကာလအတွင်း ဘူးဂါးရုံးတွင် အားသွင်းနိုင်ရန် စီစဉ်ပေးမည်ဟုဆို

Apr 19 • 5:20 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၌ လျှပ်စစ်မီးပြတ်တောက်သည့်ကာလအတွင်း ဘူးဂါးရုံးတွင် အားသွင်းနိုင်ရန် စီစဉ်ပေးမည်ဟုဆို

လျှပ်စစ်မီး ၂၄ နာရီပြတ်တောက်မည့် နှစ်ပတ်တာကာလအတွင်း မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့များရှိ ဘူးဂါးလျှပ်စစ်ရုံးများတွင် ဖုန်းနှင့်ပါဝါဘန့်များအားသွင်းနိုင်ရန် စီစ...

လျှပ်စစ်မီး ၂၄ နာရီပြတ်တောက်မည့် နှစ်ပတ်တာကာလအတွင်း မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့များရှိ ဘူးဂါးလျှပ်စစ်ရုံးများတွင် ဖုန်းနှင့်ပါဝါဘန့်များအားသွင်းနိုင်ရန် စီစဉ်ပေးမည်ဟု သိရသည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့် ကာလအတွင်း ဘူးဂါးရုံးများတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီနှင့် မွန်းလွှဲ ၂ နာရီမှ ၄ နာရီအတွင်း အားသွင်းနိုင်မည်ဟု ဘူးဂါးကုပ္မဏီ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။ အဆိုပါကြေညာချက်အရ ဖုန်းနှင့်ပါဝါဘန့်များအားသွင်းနိုင်သည်ဟု ဖော်ပြထားသော်လည်း မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့များတွင် အသုံးများသည့် ဘတ်ထရီဆိုင်ကယ်များ မပါဝင်ပါ။ ချီဖွေရေအားလျှပ်စစ်ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် လာမည့် ဧပြီ ၁၈ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ (၁၄) ရက်ကြာ (၂၄) နာရီ လျှပ်စစ်မီးတောက်မည်ဖြစ်သည်။


news-view-count-icon

19