ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊မြဝတီကနေ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်တာကြောင့် ပို့ကုန်ပစ္စည်း ခြောက်မျိုးကို နယ်စပ်ပို့ကုန်လိုင်စင် လျှောက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ် ။ ပြောင်းဆံ ၊ ငရုတ်အစို/အခြောက် ၊ ကွမ်းသီးအစို/အခြောက် ၊ ကြက်သွန်နီ ၊ ပဲမျိုးစုံ နဲ့ သီဟိုဆံ တို့ကို ပို့ကုန်လိုင်စင်ချထားပေးလိုက်တာ ဖြစ်ပြီး လိုင်စင်ကို Myanmar Trade Net 2.0 စနစ်မှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။မြဝတီ နယ်စပ်ပို့ကုန်လိုင်စင် အတွက် လက်ရှိမှာ လိုင်စင် လျှောက်ထားသူတွေရှိသလို လမ်းကြောင်းအခြေအနေ အဆင်ပြေမှုရှိမရှိအပေါ် စောင့်ကြည့်ပြီး မဲဆောက်မှာ ကုန်ပစ္စည်းထားဖို့ ဂိုဒေါင်ငှားရမ်းဖို့ ကြိုတင်စီစဥ်တဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 
ကရင်ပြည်နယ်၊မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်လို့ နယ်စပ်ပို့ကုန်လိုင်စင်တွေ ချထားပေးနေပြီဖြစ်
Apr 19 • 1:45 AM
Myanmar
Kayin
Share
| 25 | 0 | 0 | 0 |


