back

မန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊ မြို့နယ် ၃ ခုတွင် ငှားရမ်းလိုမှုမြင့်တက်

Apr 18 • 4:34 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊ မြို့နယ် ၃ ခုတွင် ငှားရမ်းလိုမှုမြင့်တက်

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များနှင့် နီးစပ်သည့် မြေနေရာကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာခြင်းကြောင့် မြေကွက်အရောင်းအဝယ်များ တက်လာနေပြီး...

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များနှင့် နီးစပ်သည့် မြေနေရာကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာခြင်းကြောင့် မြေကွက်အရောင်းအဝယ်များ တက်လာနေပြီး စီးပွားရေးလုပ်ငန်းများမှ ငှားရမ်းလိုမှုလည်း မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။အထူးသဖြင့် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် ချမ်းအေးသာစံ မြို့နယ်များတွင် စီးပွားရေးလုပ်ငန်းများ၏ မြေနေရာငှားရမ်းလိုမှု အများဆုံး ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များက ပြောသည်။“မန္တလေးမှာ စက်မှုဇုန်နားနီးတဲ့ မြေကွက်ကျယ်တွေကို ပိုပြီး စိတ်ဝင်စားကြတယ်။ အဲဒီနေရာတွေမှာ အရောင်းအဝယ်လည်း ပိုဖြစ်လာတယ်။ အငှားဈေးနှုန်းတွေလည်း တက်လာပါတယ်။ အဓိကတော့ စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်ခန်းဖွင့်ချင်သူတွေကြောင့် ဖြစ်ပါတယ်” ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။



news-view-count-icon

48