အမေရိကန်နဲ့ အီရန်ကြား စ-စ်ရေးပဋိပက္ခတွေကြောင့် ပိတ်ထားရတဲ့ ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောတွေအတွက် ပြန်ဖွင့်ပေးလိုက်ပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အီရန်စ-စ်ဘက်ကတော့ စ-စ်သင်္ဘောတွေ ဖြတ်သန်းခွင့်ကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပြီး ကုန်သင်္ဘောတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံရေး လမ်းကြောင်းတွေအတိုင်းသာ သွားကြဖို့ ညွှန်ကြားထားပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ဖက်စလုံးဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ယုံကြည်ချက်ရှိရှိ ပြောဆိုနေပေမဲ့ အချက်အလက်တချို့မှာတော့ သဘောထားကွဲလွဲမှုတွေ ရှိနေပါသေးတယ်။ အထူးသဖြင့် အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံတွေကို လွှဲပြောင်းပေးအပ်မယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောကြားချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုထားသလို အမေရိကန်ဘက်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုတွေလည်း ဆက်ရှိနေပါသေးတယ်။ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းစီးဆင်းရာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ ပြန်ကျသွားပါတယ်။ ဒါပေမဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးအဖွဲ့တွေနဲ့ သင်္ဘောကုမ္ပဏီတွေကတော့ အဲဒီလမ်းကြောင်းမှာ ရေမိုင်းအန္တရာယ်နဲ့ တခြားစ-စ်ရေးစိန်ခေါ်မှုတွေ ရှိနေသေးတာကြောင့် တကယ်ပဲ ဘေးကင်းရဲ့လားဆိုတာကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတုန်း ဖြစ်ပါတယ်။လက်ရှိမှာတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား ၁၀ ရက်ကြာ အပ-စ်အခ-တ်ရပ်စဲရေးဟာ ယေဘုယျအားဖြင့် တည်မြဲနေပြီး ဒါဟာ အမေရိကန်-အီရန် ဆွေးနွေးပွဲတွေအတွက် အလားအလာကောင်းတစ်ခု ဖြစ်နေပါတယ်။ အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်တွေဟာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ နောက်ထပ်ဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ ရှိနေပြီး သမ္မတထရမ့်ကိုယ်တိုင်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ပါကစ္စတန်ကို သွားကောင်းသွားနိုင်တယ်လို့ သိရပါတယ်။



