back

သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

Apr 17 • 6:41 AM

breaking-news

Myanmar

Ayeyarwady

cover

သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) နံနက် ၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာရ...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) နံနက် ၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာရှိ နေအိမ်တစ်လုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသတင်းအရ ပုသိမ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၅၆ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

16