back

မလေးရှားရောက် မြန်မာနိုင်ငံသား ၅၀ ဦးကို ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်သို့ ပြန်လည်ပို့ဆောင်

Apr 17 • 6:39 AM

breaking-news

Malaysia

Local

cover

မလေးရှားရောက် မြန်မာနိုင်ငံသား ၅၀ ဦးကို ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်သို့ ပြန်လည်ပို့ဆောင်

မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၅၀ ဦးကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA1) မှတစ်ဆင့် နေ...

မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၅၀ ဦးကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA1) မှတစ်ဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်ခဲ့သည်။ ပြန်လည်ပို့ဆောင်ခံရသူများတွင် အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့ ပါဝင်ပြီး၊ ၎င်းတို့သည် ကဒါးပြည်နယ်၊ ဆစ်ခ်မြို့ရှိ ဘီလန်တစ် ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံပြီးနောက် စောင့်ဆိုင်းနေသူများဖြစ်သည်။၎င်းတို့အားလုံးကို မလေးရှားနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့်မရစေရန် နာမည်ပျက်စာရင်း (Blacklist) သွင်းထားပြီးဖြစ်ကာ မြန်မာသံရုံးမှ ထုတ်ပေးသည့် ယာယီခရီးသွားလာခွင့်လက်မှတ်များဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မလေးရှားအာဏာပိုင်များသည် တရားမဝင်နေထိုင်သူများကို အရှိန်မြှင့်ဖမ်းဆီးနေပြီး၊ ထိန်းသိမ်းရေးစခန်းများတွင် ပြစ်ဒဏ်ကျခံပြီးသော်လည်း နေရပ်ပြန်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် မြန်မာလုပ်သားများစွာ ရှိနေသေးကြောင်း သိရှိရပါသည်။

news-view-count-icon

8