ထိုင်းနာမည်ကြီး မွေထိုင်း Gym ဖြစ်တဲ့ Fairtex Gym ဟာ မြန်မာဖိုက်တာစိုးမိုးဇော်ကို ခေါ်ယူထားပါတယ်။
စိုးမိုးဇော်ဟာ ယခင်က ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွေကို အဓိကအားပြုထိုးသတ်နေသူဖြစ်ပါတယ်။
Fairtex Gym နဲ့ မြန်မာဖိုက်တာ စိုးမိုးဇော်တို့ရဲ့ ပူးပေါင်းမှုကိစ္စရပ်အသေးစိတ်ကိုတော့ နှစ်ဖက်စလုံးက ချပြခြင်းမရှိခဲ့ပါဘူး။
စိုးမိုးဇော်ဟာ Fairtex Gym ဆီကို ဧပြီလဆန်းကတည်းက ရောက်ရှိနေပြီး ပူးတွဲနေထိုင်လေ့ကျင့်မှုတွေ ပြုလုပ်နေလျက်ရှိပါတယ်။
ထိုင်းနာမည်ကြီး မွေထိုင်း Gym ဖြစ်တဲ့ Fairtex Gym ဟာ အခုဆိုရရင် မြန်မာဖိုက်တာ (၃) ဦးအထိ ခေါ်ယူထားပြီဖြစ်ပါတယ်။
အဲဒီ (၃) ဦးက ဆွန်ရက်၊ ကျော်စွာဝင်းနဲ့ စိုးမိုးဇော်တို့ပဲ ဖြစ်ပါတယ်။
စိုးမိုးဇော်ကို ခေါ်ယူနိုင်မှုနဲ့ ပတ်သက်ပြီး Fairtex Gym ပိုင်ရှင် ပရမ်ကိုယ်တိုင်က သူ့ရဲ့ Facebook Page မှာ ဗီဒီယိုတင်ကာ ပရိသတ်ကို အသိပေးခဲ့တာလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်တွေအနေနဲ့ မကြာခင် ONE ပြိုင်ပွဲတွေမှာ စိုးမိုးဇော်ရဲ့ ပွဲတွေကိုလည်း ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။ 


