back

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကလေးငယ် ကာကွယ်ဆေးတွေ ပြတ်လပ်မှု ရှိနေ

Apr 15 • 8:37 AM

breaking-news

Myanmar

Kayin

cover

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကလေးငယ် ကာကွယ်ဆေးတွေ ပြတ်လပ်မှု ရှိနေ

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ လစဉ် ပုံမှန်ထိုးနှံ ပေးနေတဲ့ ကလေးငယ် ကာကွယ်ဆေးတွေ ပြတ်လပ်မှုရှိနေတယ်လို့ သိရပါတယ်။ကာကွယ်ဆေးတွေ ပြတ်လပ်နေတာ ၅ လ ...

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ လစဉ် ပုံမှန်ထိုးနှံ ပေးနေတဲ့ ကလေးငယ် ကာကွယ်ဆေးတွေ ပြတ်လပ်မှုရှိနေတယ်လို့ သိရပါတယ်။ကာကွယ်ဆေးတွေ ပြတ်လပ်နေတာ ၅ လ ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ ကလေးငယ်တွေ ကာကွယ်ဆေး ပုံမှန်ပြန်လည် ထိုးနှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေ ကြိုးစားဆောင်ရွက်နေတယ်လို့ မြေပြင် ကျန်းမာရေး ဆရာမတဦးက အခုလို ပြောပါတယ်။ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ကလေး ကာကွယ်ဆေးတွေ မလုံလောက်တာ၊ ပြတ်လပ်တာတွေ ရှိနေတာကြောင့် တခြားနေရာတွေမှာ သွားရောက် ထိုးနှံနေရကြောင်းကို ကလေးငယ် ဖခင် ဖြစ်သူတဦးက ပြောပါတယ်။အခုလို ကာကွယ်ဆေးတွေ ပြတ်လပ်မှု ရှိနေပြီး တခြားသောနေရာတွေမှာ သွားရောက် ထိုးနှံကြရတဲ့ အခါ ကလေးငယ်တွေနဲ့ သွားလာရ ခက်ခဲတဲ့အပြင် လမ်းခရီး နဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာပါ။မွေးခင်းစ ကလေးငယ်တွေဟာ ၂ လကနေ ၂ နှစ်အောက်အတွင်း ပြင်းထန် အဆုပ်ရောင် (ပီစီဗီ)၊ ဘီစီဂျီ ၊ ( ဆုံဆို့ ၊ကြက်ညှာ၊ မေးခိုင် ၊ အသဲယောင်အသားဝါ(ဘီ)၊ ဦးနှောက် အမှေးယောင် ) ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို အစက်ချဆေး ၊ ပိုလီယို ထိုးဆေး ၊ ဝက်သက် ၊ ဂျိုက်သိုး စတဲ့ ကာကွယ်ဆေးကို ထိုးနှံပေးရတာ ဖြစ်ပါတယ်။




news-view-count-icon

26