back

မန္တလေးမြို့တော်ဝန်မဏ္ဍပ်၌ အကြတ်နေ့တွင် တေးသံရှင်များ ဖျော်ဖြေမှုဖြင့် အထူးစည်ကားလျက်ရှိ

Apr 15 • 7:08 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့တော်ဝန်မဏ္ဍပ်၌ အကြတ်နေ့တွင် တေးသံရှင်များ ဖျော်ဖြေမှုဖြင့် အထူးစည်ကားလျက်ရှိ

​မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် အကြတ်နေ့အဖြစ် ယနေ့တွင် နာမည်ကြီး တေးသံရှင်များစွာ လာရောက်သီဆို ဖျော်ဖြေလျက်ရှိရာ ကြည့်ရှု...

​မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် အကြတ်နေ့အဖြစ် ယနေ့တွင် နာမည်ကြီး တေးသံရှင်များစွာ လာရောက်သီဆို ဖျော်ဖြေလျက်ရှိရာ ကြည့်ရှုအားပေးသူ ပြည်သူများဖြင့် အထူးစည်ကားလျက် ရှိနေပါသည်။အဆိုပါ မြို့တော်ဝန်မဏ္ဍပ်တွင် နံနက်ပိုင်းမှစတင်ကာ မြို့မတေးဂီတအဖွဲ့နှင့်အတူ အနုပညာရှင်များက သင်္ကြန်တေးသီချင်းများဖြင့် အလှည့်ကျ သီဆိုတင်ဆက်ပေးနေခြင်း ဖြစ်ပါသည်။ မဏ္ဍပ်ရှေ့တွင် ရေကစားကြသူများ၊ ဖျော်ဖြေမှု လာရောက်ကြည့်ရှုကြသူများမှာ တစ်ခဲနက် ပြည့်နှက်နေပြီး မန္တလေးမြို့ခံများသာမက နယ်ဝေးမှ လာရောက်လည်ပတ်သူများပါ ပူးပေါင်းဆင်နွှဲနေကြသည်ကို တွေ့ရပါသည်။ယခုနှစ် မန္တလေးသင်္ကြန် အကြတ်နေ့တွင် မြို့တော်ဝန်မဏ္ဍပ်၏ ဖျော်ဖြေရေး အစီအစဉ်များကြောင့် လမ်းလျှောက်သင်္ကြန် ဧရိယာတစ်ခုလုံး အရှိန်အဟုန်ဖြင့် စည်ကားလျက်ရှိကြောင်း သိရပါသည်။




news-view-count-icon

27