back

စူပါတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာ၌ အပူရှိန်လျော့ကျပြီးမိုးကျဲကျဲရွာနိုင်

Apr 15 • 7:07 AM

breaking-news

Myanmar

Local

cover

စူပါတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာ၌ အပူရှိန်လျော့ကျပြီးမိုးကျဲကျဲရွာနိုင်

စူပါတိုင်ဖွန်းမုန်တိုင်းဟာအမေရိကန်ရှိမာရီယာနာကျွန်းစုမြောက်ပိုင်း(Northern Mariana Islands)ကိုတိုက်ခတ်‌နေတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့‌ ဖော်ပြချက်အရ သိရ...

စူပါတိုင်ဖွန်းမုန်တိုင်းဟာအမေရိကန်ရှိမာရီယာနာကျွန်းစုမြောက်ပိုင်း(Northern Mariana Islands)ကိုတိုက်ခတ်‌နေတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့‌ ဖော်ပြချက်အရ သိရပါတယ်။စူပါတိုင်ဖွန်းမုန်တိုင်း SINLAKU ဟာ မာရီယာနာကျွန်းစုမြောက်ပိုင်း(Northern Mariana Islands)ကို ဖြတ်‌ကျော်ဝင်ရောက်လျှက်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း 135 knots (တနာရီ ၁၅၅ မိုင်နှုန်း)နှင့် လှိုင်းအမြင့် ၄၂ ပေခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။စူပါတိုင်ဖွန်းမုန်တိုင်း SINLAKU ကြောင့် အီကွေတာတလျှောက်၊ အာရေဗျပင်လယ်နှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အနောက်လေစီးကြောင်းတို့ ဆက်လက်အားကောင်းနေပြီး၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ တိမ်များရွေ့လျားဝင်ရောက်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း နေ့အပူချိန်များလျော့နည်းနိုင်ပြီး၊ တိမ်ရွေ့လျားဝင်ရောက်ရာလမ်းကြောင်းတလျှောက်တွင် နေရာကျဲကျဲမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါတယ်။ဧပြီ ၁၃ ရက်နေ့ထုတ် ENSO EVOLUTION UPDATE အရ၊ လာနီညာ(La Niña) ရာသီဥတုအတွက် နောက်ဆုံးထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ လာနီညာမှ ပုံမှန်ကြားနေရာသီဥတုသို့ကူးပြောင်းပြီး အယ်လ်နီညို (El Niño) ဖြစ်ပေါ်မည့်အခြေအနေကို စောင့်ကြည့်သည့်အဆင့်သို့ရောက်ရှိနေပြီး၊ မေလ မှ ဇူလိုင်လအတွင်း အယ်လ်နီညိုဖြစ်လာနိုင်ခြေ ၆၁% ရှိကြောင်း၊ El Niño ဖြစ်လာပြီးနောက် ၂၀၂၆ နှစ်ကုန်အထိ ဆက်ရှိနေနိုင်ကြောင်း သိရပါတယ်။


news-view-count-icon

38