မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်၊ နန်းရာကုန်းရှေ့တွင်တည်ရှိသော မဝေဝေအောင်(၂၈) နှစ် ပိုင်ဆိုင်သောဆိုင်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ညအချိ်န်တွင် ဖောက်ထွင်းခံခဲ့ရပြီး ကျပ်သိန်း (၃၀၀) ကျော်ဖိုး အလှကုန် ပစ္စည်းများ အခိုးခံခဲ့ရသည်။အဆိုပါဖြစ်ရပ်အား နစ်နာသူဆိုင်ပိုင်ရှင်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် တိုင်တန်း လာသဖြင့် မြောက်ဦးမြို့မ ဒီလပ်စခန်းမှ (ပ) ၁၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး တရားခံများကို လိုက်လံဖော်ထုတ်ရှာဖွေခဲ့သည်။ ၎င်းနောက် သံတွဲမြို့နယ်၊ ငပလီမြို့၊ဂျိတ္တောရပ်ကွက်မှ လက်ရှိ မင်းပြားမြို့ (KTV) တခုတွင် ယာယီ လုပ်ကိုင်နေသူ မငြိမ်းငြိမ်းဦးမှ ၎င်းအလှကုန်ပစ္စည်းများအား ကာလတန်ဖိုးထက် လျော့ကာ ရောင်းချနေကြောင်း သတင်းပေးချက်အရ စစ်ဆေးရာ ၎င်း၏ ရည်းစားဖြစ်သူ မောင်ဆန်းမြင့် (ခ)စစ်တွေသားမှ ၎င်းအလှကုန်ဆိုင်အား ဖောက်ထွင်းခိုးယူလာသည့် အလှကုန်ပစ္စည်းများ ဖြစ်ကြောင်း" မငြိမ်းငြိမ်းဦးမှ ဝန်ခံထွက်ဆိုခဲ့သည်ဟု ဆိုသည်။ မောင်ဆန်းမြင့်အား ဖမ်းဆီးစစ်ဆေးရာ ၎င်းသည် ဖေဖော် ဝါရီလ (၂၆)ရက်နေ့၌ မြောက်ဦးမြို့သို့ ရောက်ရှိလာခဲ့ပြီး မြောက်ဦး ပဲလေ့စ်တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊ ၎င်း၏ ရည်းစားဖြစ်သူ မငြိမ်းငြိမ်းဦးနှင့် တိုင်ပင်ပြီး ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ည (၂) နာရီအချိန်၌ မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်၊ နန်းရာကုန်း ရှိတွင်ရှိသော အလှကုန်ပစ္စည်းအရောင်းဆိုင်အား သော့ခလောက် ခတ်ထားသော လက်ခုပ်သီး (၄) လုံးကို အသင့်ပါလာသည့် သံဖြတ် ကတ်ကျစ်ဖြင့် ဖြတ်တောက်ကာ အလှကုန်များအား ဖောက်ထွင်းခိုးယူခဲ့ကြောင်း၊ အဆိုပါပစ္စည်းများကို မင်းပြားမြို့၊ ကျောက်တော် မြို့နှင့် တောင်ကုတ်မြို့များတွင် ရောင်းချခပါကြောင်း ဝန်ခံထွက်ဆိုသည်ဟု ဖော်ပြသည်။ မငြိမ်းငြိမ်းဦးနှင့် မောင် ဆန်းမြင့်တို့ နှစ်ဦးအား၂၀၂၆ခုနှစ်၊ မတ်လ(၁၂)ရက်နေ့၌ ဖမ်းဆီးပြီး ဒီလပ်မှ လုပ် ထုံးလုပ်နည်းများနန့်အညီ တရားစွဲတင်လားမည် ဖြစ်သည်ဟု သိရသည်။ မောင်ဆန်းမြင့် နန့် မငြိမ်းငြိမ်းဦးတို့ နှစ်ဦးသည် ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ (၁၁) ရက်နေ့ တွင် မြောက်ဦးမြို့၊ ညောင်ပင်ဈီး ရပ်ကွက်၊ ယူတိုပီးယားကွန်ပျူတာနန့် ဖုန်းအရောင်းဆိုင်မှလည်း ကာလ တန်ဖိုးငွေ ကျပ်သိန်း(၁၃၀) ကျော်ဖိုးခန့်ဟိ ပစ္စည်းများ ဖောက်ထွင်းခိုးယူခဲ့ သဖြင့် (ပ) ၆/ ၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ - ၄၅၇ အရလည်းကောင်း၊ ဖေဖော်ဝါရီ လ (၁၉) ရက်နိတွင် မြောက်ဦးမြို့၊ လက်ကောက်ဈီး ရပ်ကွက်၊မြောက်ဦးပဲလေ့စ်ခြံဝင်ထဲရှိ ဖုန်းအရောင်းဆိုင်မှလည်း ဖုန်းနှင့် ဆက်စပ် ပစ္စည်း ကာလ တန်ဖိုးငွေ ကျပ်သိန်း (၁၉၀)ကျော်ဖိုး ဖောက် ထွင်းခိုးယူခဲ့သဖြင့် မြောက်ဦးမြို့မ ဒီလပ်စခန်း၏ (ပ) ၉/၂၀၂၆၊ရာဇသတ်ကြီးပုဒ်မ - ၄၅၇ ရို့ဖြင့်ပါ အမှုရင်ဆိုင်နေရသူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



