မအူပင်မြို့ ၊ အမှတ် (၆) ရပ်ကွက် ၊ အနောက်ပေါ်တော်မူလမ်းအောက်ပိုင်းတွင် ယမန်နေ့ ညနေစောင်းတွင် အရက်သေစာ သောက်စား မူးယစ်ရမ်းကား ရန်လိုဟန်ရှိသည့် ပိန်ပိန်ပါးပါး အသားလတ်လတ် အမည်မသိ ထောင်ထွက် လူငယ်တစ်ဦး၏ ဓားထိုးခံရမှု ဖြစ်ပွားသဖြင့် အမှတ်(၈)ရပ်ကွက် မြနန္ဒာ (၃)လမ်း "နိုင်းနိုင်း" အပေါင်ဆိုင်နေအိမ်ကပ်လျက်နေ အသက် (၄၀)ကျော်နှစ်ခန့်ရှိ ယခင် လမ်းဆုံ ဆိုင်ကယ် ကယ်ရီမောင်း ယခု အိုးဝေယာဥ်မောင်း ကိုဖိုးအေးဆိုသူ အခင်းဖြစ်ရာမှာ သေဆုံးသွားရကြောင်း အကြမ်းဖျဥ်း သိရသည် ။အမှတ် (၆)ရပ်ကွက်အောက်ပိုင်းနေ အမည်မသိ လူသတ်တရားခံ (ဘ)သန်းထွန်း မူးယစ်ရမ်းကား ထောင်ထွက်ဆေးသမားလူငယ်အား ရဲတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးရာမှာ ဓားဖြင့် ခုခံသဖြင့် ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရပြီး အရက် ဘီယာ အတူ သောက်စားလေ့ရှိသည့် ပူးပေါင်းပါဝင်သူဟု ယူဆရသော ပန်းရံ လက်သမားနောက်လိုက်အလုပ်သမားယောင်ယောင် အမှတ် (၇)ရပ်ကွက် ခိုင်သစ္စာလမ်းနေ ငရဲ (ဘ) ဦးကျော်ငြိမ်းကို ညပိုင်းမှ ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီး စစ်ဆေးနေလျက်ရှိကြောင်းလည်း သိရှိရသည် ။



