မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကျင်းပတဲ့ မကွေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီ၁၄ရက်မှာလည်း လာရောက်လည်ပတ်သူများပြားပါတယ်။ မကွေးမြို့ကမ်းနားလမ်းမှာ ပြုလုပ်ထားတဲ့ လမ်းလျှောက်သင်္ကြန်ကို မြို့ပေါ်ကသာမက အနီးဝန်းကျင်ရှိ မြို့တွေနဲ့ ကျေးရွာတွေက ပြည်သူ တွေပါ လာရောက်လည်ပတ်ဆင်နွှဲကြတာပါ။ အခုနှစ်သင်္ကြန်ဟာ ပိုမိုစည်ကားပြီး ယိမ်းအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေ၊ စတုဒီသာကျွေးမွေးမှုတွေနဲ့ စည်ကားနေတယ်လို့ ပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာတင့်ဆန်းက ပြောပါတယ်။ 
| 24 | 0 | 0 | 0 |


