မြန်မာနိုင်ငံအတွင်းမှာ ဆောင်ရွက်နေတဲ့ လျှပ်စစ်ဓာတ်အားနဲ့ စွမ်းအင်ကဏ္ဍတွေမှာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နဲ့ တရုတ်အစိုးရ ပိုင်ကုမ္ပဏီတွေဖြစ်တဲ့ China Southern Power Grid၊ Yunnan Energy Group၊ Union Resources & Engneering Co.,Ltd.၊ Yunnan Xianshang Export & Import Co.,Ltd. တို့က တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ညလျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းမှုမြှင့်တင်ဖို့အတွက် ဧပြီ၁၂ရက်ကနေ ၁၈ရက်အထိ ရုရှားနိုင်ငံကို တရုတ်နိုင်ငံကတစ်ဆင့် သွားရောက်စဉ် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။
| 37 | 0 | 0 | 0 |


