back

ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲ

Apr 13 • 7:01 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများဖြစ်သည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်၏ အကြ...

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများဖြစ်သည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်၏ အကြိုနေ့တွင်ပင် လာရောက်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် နာမည်ကြီးကိုရီးယား K-pop အပါအဝင် အနုပညာရှင်များကလည်း တေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလို လာရောက်ဆင်နွှဲသူများအတွက် သနပ်ခါးလိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။ အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များလည်း ပါဝင်သည်။

news-view-count-icon

36