back

မန္တလေး၌ ဆိုလာစရိတ်မတတ်နိုင်သူများကြောင့် တရုတ်လက်ဆွဲမီးစက်များ အရောင်းအဝယ်ဖြစ်လာ

Apr 12 • 3:04 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ ဆိုလာစရိတ်မတတ်နိုင်သူများကြောင့် တရုတ်လက်ဆွဲမီးစက်များ အရောင်းအဝယ်ဖြစ်လာ

ဆိုလာတပ်ဆင်ရာတွင် အရည်အသွေးအလိုက် စျေးနှုန်းအသီးသီးရှိနေသည့်အပေါ် ဆိုလာစရိတ် မတတ်နိုင်သူများက တရုတ်လက်ဆွဲမီးစက်များကို ဝယ်သုံးလာခြင်းကြောင့် လတ်တလော အရောင်းအဝယ်...

ဆိုလာတပ်ဆင်ရာတွင် အရည်အသွေးအလိုက် စျေးနှုန်းအသီးသီးရှိနေသည့်အပေါ် ဆိုလာစရိတ် မတတ်နိုင်သူများက တရုတ်လက်ဆွဲမီးစက်များကို ဝယ်သုံးလာခြင်းကြောင့် လတ်တလော အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးမြို့ အခြေစိုက် ဒေသခံများထံမှ သိရသည်။လျှပ်စစ်မီးများအလှည့်ကျ ပြတ်တောက်မှုပြန်လည်ကြုံလာပြီးသည့်နောက် ယခုအခါတွင် တရုတ်နိုင်ငံထုတ် လက်ဆွဲမီးစက် ငယ်များကို စျေးကွက်အတွင်းဝယ်သုံးလာကြသလို အရောင်းအဝယ်သွက်လာသော အခြေအနေမျိုး ကြုံလာခြင်းလည်း ဖြစ်သည်။အဆိုပါလက်စွဲမီးစက်များကို လက်ဖက်ရည်ဆိုင်၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ သင်တန်းကျောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများတွင်အသုံးပြုကြခြင်းဖြစ်ပြီး ဈေးနှုန်းအားဖြင့် ကျပ် ၁၀ သိန်းအောက်မှ ကျပ် ၃၅ သိန်းနှင့်အထက်အထိ အသီးသီးစျေးရှိနေကြောင်း သိရသည်။

news-view-count-icon

19