back

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်အတွင်း ငွေဆောင်နှင့်ချောင်းသာဟိုတယ်များ၌ အခန်းကြိုတင်မှာယူမှု များပြား

Apr 12 • 2:50 AM

breaking-news

Myanmar

Local

cover

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်အတွင်း ငွေဆောင်နှင့်ချောင်းသာဟိုတယ်များ၌ အခန်းကြိုတင်မှာယူမှု များပြား

မြန်မာ့နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်တွေအတွင်း ပင်လယ်ကမ်းခြေအပမ်းဖြေစခန်းတွေဖြစ်တဲ့ ငွေဆောင်နဲ့ ချောင်းသားကမ်းခြေတွေမှာ အခန်းတွေ ကြိုတင်မှာယူမှု များပြားနေတယ်လို...

မြန်မာ့နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်တွေအတွင်း ပင်လယ်ကမ်းခြေအပမ်းဖြေစခန်းတွေဖြစ်တဲ့ ငွေဆောင်နဲ့ ချောင်းသားကမ်းခြေတွေမှာ အခန်းတွေ ကြိုတင်မှာယူမှု များပြားနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။လက်ရှိအချိန်အထိ ဟိုတယ်နှင့်တည်းခိုခန်းတွေရဲ့ ကြိုတင်မှာယူမှုဟာ (၇၅)ရာခိုင်နှုန်းခန့် ရှိနေပြီး ဟိုတယ်၊ တည်းခိုခန်းတွေမှာ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာကူနဲ့ အခြားစတုဒိသာတွေကို ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ယခုနှစ် နှစ်ဆန်းပိုင်းက ငွေဆောင်ကမ်းခြေကို ခရီးသွား နှစ်သိန်းနှစ်သောင်းကျော်နဲ့ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေကို ခရီးသွားတစ်သိန်းခြောက်သောင်းကျော် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

news-view-count-icon

35